News & Activities

News Details

နေမကောင်းတဲ့ကလေးငယ်တစ်ယောက်မှာ  သတိထားရမယ့်အန္တရာယ်လက္ခဏာများ

7, Mon October 2024

သားသားမီးမီးတွေဟာ မိသားစုရဲ့အဖိုးမဖြတ်နိုင်တဲ့ရတနာလေးတွေပါပဲ။ ကလေးငယ်တွေဖျားနာလာပြီဆိုရင် မိဘ ဘိုးဘွား တွေမှာ နေမထိထိုင်မသာဖြစ်ကြရတာဓမ္မတာပါ။

ကလေးငယ်တွေရဲ့နေမကောင်းမှုအများစုဟာ သာမာန်ဖြစ်ရိုးဖြစ်စဉ်ဝေဒနာတွေပါ။ ဒါပေမယ့်အခုဖော်ပြလိုက်တဲ့လက္ခဏာတွေမြင်တွေ့ရပြီဆိုရင် မပေါ့ဆပဲကျွမ်းကျင်တဲ့ဆရာဝန်နဲ့အမြန်ဆုံးတိုင်ပင်ပြသရမှာပဲဖြစ်ပါတယ်။

1️⃣ ကလေးငယ် (အထူးသဖြင့် ၅နှစ်အောက် ကလေး)တွေမှာ သိသာစွာပျော့ခွေ၊နွမ်းနယ်၊ငိုက်မျဥ်းနေခြင်း၊တအီအီနဲ့နေမထိထိုင်မသာဖြစ်နေခြင်း
(တစ်နည်းအားဖြင့်တော့လန်းဆန်း၊ ရွှင်လန်းတဲ့မူလရုပ်သွင်ပျောက်ကွယ်သွားခြင်းပါပဲ။)

2️⃣ အရေပြားအရောင်ပြောင်းလဲသွားခြင်း 
(ဥပမာ- အသားအရည်ပြာနှမ်းသွားခြင်း၊ဖျော့တော့သွားခြင်း.....စသည်)

3️⃣ နှလုံးခုန်နှုန်း၊ အထူးသဖြင့် အသက်ရှူနှုန်းတွေမြန်ဆန်ပြီးရှူရခက်ခဲလာခြင်း။ သွေးပေါင်ချိန်ကျသွားခြင်း။ အဖျားကြီးပြီးပြန်မကျခြင်း။

4️⃣ အရမ်းအန်ပြီးဝမ်းသွားခြင်း၊ ဆီးနည်းသွားခြင်း၊ ရေဓာတ်ခမ်းခြောက်သွားခြင်း၊ အစာကောင်းကောင်းမစားနိုင်တော့ခြင်း၊ ဆီး ဝမ်းထဲသွေးပါခြင်း၊ ပြင်းထန်စွာဗိုက်နာခြင်း။

5️⃣ ဖျားပြီးတဲ့နောက်အစက်အပျောက်(Rash)တွေထွက်လာခြင်း၊ သွေးယိုစိမ့်မှုလက္ခဏာများအနည်းနဲ့အများဖြစ်လာခြင်း၊ လည်ပင်းခိုင်နေခြင်း။

6️⃣ ၃လအောက်ကလေးများ ၃၈ဒီဂရီထက်ပိုဖျားခြင်း။

ဒါတွေကတော့ အဓိကအကျဆုံးအန္တရာယ်လက္ခဏာ (Red Flags) တွေပါပဲ။ 

နောက်ဆုံးပြောချင်တဲ့ အချက်ကတော့ အပေါ်ကဖော်ပြခဲ့တဲ့ လက္ခဏာတွေ မတွေ့ရတဲ့တိုင်အောင် ကိုယ့်အတွင်းစိတ်မှာ အန္တရာယ်ရှိလာပြီလို့ ခံစားလာရရင်လည်း နီးစပ်ရာဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ ဝန်မလေးပါနဲ့။

ကလေးငယ်တိုင်း ကျန်းမာပျော်ရွှင်နိုင်ကြပါစေ 🤩

Recent News & Activities

နှာစေးချောင်းဆိုး

နှာစေးချောင်းဆိုးအကြောင်းသိကောင်းစရာ

.......

အရမ်းပင်ပန်းတယ်လို့ ခံစားနေရပါသလား...?

အရမ်းပင်ပန်းတယ်လို့ခံစားနေရပါသလား...?

တစ်ခါတစ်ရံမ.......

Diabetes (ဆီးချိုရောဂါ)

ဆီးချိုရောဂါအကြောင်းသိကောင်းစရာ

ထိပ်ကပ်နာ ‌ရောဂါ

ထိပ်ကပ်နာ ဆိုသည်မှာ ဦးခေါင်းခွံအတွင်းရှိအချွဲလွှာဖုံးထားတဲ.......