News & Activities

News Details

Hypertension🩸

9, Fri January 2026

🩸 Hypertension ဆိုတာကို သွေးတိုးတယ်လို့ လူသိများပါတယ်။ သွေးပမာဏမြင့်မားပြီး သွေးလွှတ်ကြောနံရံတွေကို ဆန့်ကျင်တွန်းကန်လာတဲ့အခါဖြစ်ပေါ်တဲ့ အခြေအေနေဖြစ်ပါတယ်။ နှလုံးကနေ သွေးလွှတ်ကြောသို့ သွေး ညှစ်ထုတ်လိုက်တာနဲ့ သွေးစီးဆင်းမှုက သင့်ရဲ့သွေးကြောနံရံတွေကို တွန်းတဲ့အခါ သွေးဖိအားအဆက်မပြတ်ပြောင်းလဲစေပါတယ်။ ဒီလို သွေးဖိအားမြင့်တက်ခြင်းက အချိန်ကြာမြင့်စွာဖြစ်နေမယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်မှာ အန္တရာယ်ဖြစ်နိုင်ပါတယ်။

သွေးတိုးရောဂါ အမျိုးအစားများစွာရှိပါတယ်။
ပြင်းထန်မှုပေါ်မူတည်ပြီး သွေးတိုးခြင်းကို အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်:

ပုံမှန် (Normal)    အပေါ်သွေး (Systolic BP in mmHg) ၁၂ဝ အောက် (နှင့်) အောက်သွေး (Diastolic BP in mmHg) ၈ဝ အောက်

ပုံမှန်ထက် မြင့်မားပြီး သွေးတိုး မဟုတ်သည့် အခြေအနေ (Prehypertension)    အပေါ်သွေး ၁၂ဝ မှ ၁၃၉ (သို့) အောက်သွေး ၈ဝ မှ ၈၉

အဆင့်(၁) သွေးတိုး (Stage-1, Hypertension)    အပေါ်သွေး ၁၄ဝ မှ ၁၅၉ (သို့) အောက်သွေး ၉ဝ မှ ၉၉

အဆင့်(၂) သွေးတိုး (Stage-2, Hypertension)    အပေါ်သွေး ၁၆ဝ နှင့် အထက် (သို့) အောက်သွေး ၁၀ဝ နှင့် အထက်

American Heart Association ၏အဆိုအရ 120/80 mmHg နဲ့ 90/60 mmHg ကြား ပမာဏကို သွေးပေါင်ချိန်ပုံမှန် ဖြစ်တယ်လို့ မှတ်ယူပါတယ်။ တစ်ခါလေးတိုင်းရုံနဲ့ သွေးတိုးရှိတယ်လို့ မှတ်လို့မရပါ။15 မိနစ်အကြာမှာတစ်ခါထပ်တိုင်းပြီးမှ သွေးတိုးနေပြီလို့ သတ်မှတ်ရမှာပါ။

သင့်ရဲ့သွေးပေါင်ချိန်ဖတ်တာဟာ တသမတ်တည်း 140/90 mmHg အထက်ရောက်နေရင် သွေးတိုးရောဂါဖြစ်နေပြီလို့ ဆိုနိုင်ပါသည်။ ဒါဟာသင့် သွေးတွေက ဖိအားပိုမြင့်နေပြီး သွေးကြောတွေရော ကိုယ်တွင်းအင်္ဂါအပေါ်ပိုပြီးဖိအားပေး ထိခိုက်နေပြီလို့ဆိုလိုပါတယ်။

သွေးတိုးဖြစ်စေတဲ့ အတိအကျအကြောင်းရင်း မရှိပေမယ့်ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေက သွေးတိုးစေနိုင်သောအချက်များကို ဖော်ထုတ်ထားပါတယ်။ primary hypertension နဲ့ secondary hypertension ဆိုပြီး ၂မျိုးရှိပါတယ်။

primary hypertension
Essential hypertension လို့လည်း လူသိကြပါတယ်။ အဖြစ်အများဆုံးအမျိုးအစားဖြစ်ပါတယ်။ နောက်ခံအကြောင်းရင်းလည်းမရှိတဲ့ရောဂါ ဖြစ်ပါတယ်။ မျိုးရိုးဗီဇ, အသက်နှင့်မျိုးနွယ် စတာတွေကိုယ်လက်လှုပ်ရှားမှုမရှိခြင်း, အဝလွန်ခြင်း, ဆေးလိပ်သောက်ခြင်း, အစားအသောက်ထဲတွင်အတွက် အရက်နှင့် ဆားများများ စားသုံးမှုတို့လည်း ပါဝင်ပါတယ်။

Secondary hypertension.
secondary hypertension ကိုဖြစ်စေတဲ့ အချက်တွေမှာ အိပ်ပျော်စဉ်အသက်ရှူကျပ်ခြင်း, ကျောက်ကပ်ရောဂါ, နှလုံးရောဂါအခြေအနေများနှင့် ထိခိုက်ဒဏ်ရာများ သို့မဟုတ် adrenal ဂလင်းမူမမှန်ဖြစ်ခြင်း စတာတွေပါဝင်ပါတယ်။

အသက် ၅၅ မတိုင်ခင် ယောက်ျားလေးတွေက သွေးတိုးဖြစ်ဖို့ ပိုများပြီး ၅၅ နောက်ပိုင်းမှာတော့ မိန်းကလေးတွေက ပိုဖြစ်ပါတယ်။
မိသားစုဝင်များ (မိဘသို့မဟုတ်မောင်နှမ) တွေမှာ သွေးတိုးရှိနေပြီဆိုရင် သင့်မှာ ဖြစ်နိုငိချေ များနေပါပြီ။

ကိုယ်အလေးချိန်များနေခြင်း သို့မဟုတ်အဝလွန်ခြင်း: သင့်အလေးချိန်နဲ့ သင့်ရဲ့အရပ် အမြင့်က မကိုက်ပဲ ကျန်းမာရေးနဲ့မညီညွတ်တဲ့အခါ သွေးတိုးရောဂါဖွံ့ဖြိုးဖို့ ဖြစ်နိုင်ခြေရှိပါတယ်။ကိုယ်အလေးချိန်များနေခြင်း သို့မဟုတ်အဝလွန်ခြင်း တို့ဖြစ်နိုင်ပါတယ်။

အရက်နှင့်ဆေးလိပ်: အရက်သို့မဟုတ်ဆေးလိပ်အလွန်အကျွံ သုံးစွဲတာက သွေးပေါင်ချိန်မြင့်တက်စေနိုင်ပါတယ်။

သွေးတိုးရှိတယ်လို့ သံသယရှိလျှင် ဆရာဝန်နှင့် သွားရောက် ပြသသင့်ပါတယ်။ သွေးတိုးရောဂါကို စောစောသိနိုင်ဖို့ သွေးပေါင်ချိန် သေချာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ခေါင်းကိုက်ခြင်း, မူးဝေခြင်း, နဲ့ နှာခေါင်းသွေးလျှံခြင်းစတဲ့ လက္ခဏာတွေဖြစ်နေပြီဆိုရင် သင့်ခန္ဓာကိုယ်က စတင် ပျက်စီးနေပြီဖြစ်ပါတယ်။

သွေးတိုးမဝင်အောင် ဘယ်လိုနေထိုင်မလဲ 

– ကျန်းမာပြီး ဆိုဒီယမ်ပမာဏနည်းတဲ့ အစားအစာ စားခြင်း။

– ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း

– ကျန်းမာသော ကိုယ် အလေးချိန်ကိုဆက်လက်ထိန်းသိမ်းထားခြင်း

– ဆေးလိပ်ဖြတ်ခြင်း

– ညွှန်ကြားတဲ့ဆေးတွေကို dose မလွတ်ဘဲ အချိန်မှန်သောက်ခြင်း

– အိမ်မှာသွေးပေါင်ချိန်ကိရိယာနဲ့ မှန်မှန် သွေးပေါင်ချိန်ခြင်း

– သင့် ကျန်းမာရေးသွေးတိုးရောဂါနှင့် ပတ်သက်ပြီး လာရောက်ပြသ တိုင်ပင်ဆွေးနွေးလိုပါက Thukhamingalar Medical and Diagnostic Center - OPD  တွင်လာရောက်ပြသနိုင်ပါတယ်။ 

#ThukhamingalarMedicalandDiagnostic #ThukhamingalarMedicalCenter
#TeamHealthFirst #ThukhaMingalar
#သုခမင်္ဂလာ #ThukhamingalarClinic #Kyuntawbranch #Sanchaung
#DiagnosticCenterYangon #YangonClinic #HealthCareMyanmar
#YourHealthMatters #MedicalCheckup

Recent News & Activities

ထိပ်ကပ်နာ ‌ရောဂါ

ထိပ်ကပ်နာ ဆိုသည်မှာ ဦးခေါင်းခွံအတွင်းရှိအချွဲလွှာဖုံးထားတဲ.......

နှာစေးချောင်းဆိုး

နှာစေးချောင်းဆိုးအကြောင်းသိကောင်းစရာ

.......

အရမ်းပင်ပန်းတယ်လို့ ခံစားနေရပါသလား...?

အရမ်းပင်ပန်းတယ်လို့ခံစားနေရပါသလား...?

တစ်ခါတစ်ရံမ.......

Diabetes (ဆီးချိုရောဂါ)

ဆီးချိုရောဂါအကြောင်းသိကောင်းစရာ